Events
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-02-04 12:23:03
အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနားပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Telegana Chambers of Commerce & Industry – FTCCI, India) မှ ကြီးမှူး၍ “FTCCI Experiential Tourism MICE Fair 2025” ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ရိုးရာယဉ်ကျေးမှုများကြွယ်ဝ၍ လှပသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထူးခြားသောဘုရား ပုထိုးများ၊ တမူထူးခြားသော သဘာဝရှုခင်းမြင်ကွင်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကြောင့် ကျော်ကြားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့်သဘာဝအလှတရားတို့ကို အကောင်းဆုံးဖော်ထုတ်ပြသလျက်ရှိကြောင်း၊ FTCCI Experiential Tourism MICE Fair 2025 ပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခွင့်အလမ်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ပြခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးအခွင့်အလမ်းများရရှိစေမည်ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026